အခမဲ့ပညာဒါန ၂၀၂၃/အပါတ်စဉ် (၂) စောင့်မျှော်နေကြသူများအတွက် အထူးသတင်းကောင်း

# အခမဲ့ပညာဒါန ၂၀၂၃/အပါတ်စဉ် (၂) စောင့်မျှော်နေကြသူများအတွက် အထူးသတင်းကောင်း
“# အမျိုးသမီး/အမျိုးသား မည်သူမဆိုလျှောက်ထားနိုင်သည်”
# လျှောက်လွှာပိတ်ရက် – ၂၀၂၃ခုနှစ် နိုင်၀င်ဘာလ ၂၆ရက်နေ့အထိ

# အခမဲ့လျှောက်ထားနိုင်သည့်သင်တန်း(၃မျိုး)

  • အိမ်တွင်းလျှပ်စစ်ဝါယာရိန်း (Electrical House Wiring)
  • အသေးစားအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း (Small Engine & Motor Cycle Repairs)
  • ရေခဲသေတ္တာ၊ အဲကွန်းပြုပြင်တပ်ဆင်ခြင်း (Refrigerator and Air-conditioner Repairs)

စာတွေ့၂၀%၊ လက်တွေ့ ၈၀% ဖြင့်လုပ်ငန်းခွင်ဝင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်။

အာရှတိုက်အဆင့် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ရိုးရှင်းလွယ်ကူစွာ လေ့ကျင့်သင်ကြားခွင့်ရရှိမည်။

# သင်တန်းသားဦးစားပေးရွေးချယ်မှုပုံစံ
  • အသက် (၁၇) နှစ်မှ (၃၅) နှစ်အတွင်း #အခြေခံပညာအနိမ့်ဆုံး အလယ်တန်းမှစပြီး အမျိုးသမီး/အမျိုးသား မည်သူမဆိုလျှောက်ထားနိုင်သည်။
  • အသက်မွေး၀မ်းကျောင်းပညာရပ်ကို စိတ်၀င်စားပြီး သင်တန်းပြီးဆုံးပါက ထိုပညာဖြင့်လုပ်ငန်းခွင်သို့ ၀င်ရောက်အလုပ်လုပ်ကိုင်မည့် သူများကို အထူးဦးစားပေး ရွေးချယ်ပါမည်။
  • နည်းပညာတက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိအလုပ်အကိုင်မရှိသော #အမျိုးသမီးများ လည်းလျှောက်ထားနိုင်ပါသည်။
  • ဆက်စပ်ပစ္စည်းအရောင်းဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်လိုသော #အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။
  • အတတ်ပညာဖြင့် မိသားစုဘ၀တည်ဆောက်လိုသူများ
  • နိုင်ငံရပ်ခြားသို့ အတက်ပညာဖြင့် အလုပ်သွားရောက်လုပ်ကိုင်လိုသူများ
  • ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသူများ
  • သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင် OJT (On Job Training) စီစဉ်ပေးမည်။
  • #အမျိုးသမီးသင်တန်းသူများကို ဉီးစားပေးရွေးချယ်သွားမည်။

သင်တန်းပြီးဆုံးအောင်တက်ပြီး စာတွေ့၊ လက်တွေ့ အောင်မြင်ပါက သင်တန်းဆင်း လက်မှတ်ရရှိမည်။

ထို့အပြင်အလုပ်အကိုင်ရရှိစေ၇န်အတွက် လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးမည်။

# သင်တန်းအချိန်ဇယား

  • သင်တန်းရက် – တနင်္လာ မှ သောကြာ (တပါတ်လျှင် ၅ရက်တက်ရမည်)
  • သင်တန်းချိန် – နံနက် (၉)နာရီမှ ညနေ (၄)နာရီ (အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်)
  • သင်တန်းကာလ – ၃လ (၃၆၀နာရီ) – ၁၂ပါတ်
  • သင်တန်းစမည့်ရက် – ၁၈.၁၂.၂၀၂၃
  • သင်တန်းပြီးဆုံးမည့်ရက်-၈.၃.၂၀၂၄
  • လျှောက်လွှာပိတ်မည့်ရက် – ၂၆.၁၁.၂၀၂၃ အထိ
  • လက်ခံမည့်ဦးရေ – ၁ဘာသာလျှင် (၂၅) ဦး (စုစုပေါင်း ၁၀၀ဉီး)
  • လျှောက်လွှာများအား Dual Tech (ရန်ကင်း) သင်တန်းကျောင်းသို့ လူကိုယ်တိုင် နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀နာရီ အတွင်းလာရောက်လျှောက်ထားနိုင်သည်။
  • ပမာဏရွေးချယ်ခံရသူများသာ လူတွေ့အင်တာဗျူးဖြေဆိုရပါမည်။
  • အင်တာ‌‌ဗျူးဖြေဆိုရမည့်သူများကိုဖုန်းဖြင့် အကြောင်းကြားသွားပါမည်။
  • နယ်မှလျှောက်ထားလိုသူများအတွက် အောက်ပါ link တွင်ဝင်ရောက်လျှောက်ထားနိုင်သည်။

https://forms.gle/qxKekcyY6YRwaWzt6

  • လူကိုယ်တိုင်လျှောက်ထားလိုသူများအောက်ပါလိပ်စာများတွင်လာရောက်လျှောက်ထားနိုင်ပါသည်။

Dual Tech (ရန်ကင်း) (ပိတ်ရက်မရှိလျှောက်ထားနိုင်သည်)

အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂လုံးတန်းမှတ်တိုင်(မီးပွိုင့်ထောင့်)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Dual Tech (မြောက်ဒဂုံ) (တနင်္လာမှ သောကြာအတွင်းလျှောက်ထားနိုင်သည်)

အမှတ်၂၄ ငါးမန်အောင်ဘုရားလမ်း၊ သင်းဝင်မှတ်တိုင်၊ (၃၃)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

အသေးစိတ်သိရှိလိုပါက –

ဖုန်းနံပါတ် – 09 420 313 719, 09 730 20 803 ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

website – www.dualtechmyanmar.com