အမျိုးသား / အမျိုးသမီး လူငယ်များအတွက် အခမဲ့ သင်တန်းများလျှောက်လွှာခေါ်ယူခြင်း
# အခမဲ့လျှောက်ထားနိုင်သည့်သင်တန်း (၃ မျိုး)
- ရေခဲသေတ္တာ၊ အဲကွန်းပြုပြင်တပ်ဆင်ခြင်း (Air-condition and Refrigeration Repairing)
- အိမ်တွင်းလျှပ်စစ်ဝါယာရိန်း (Electrical House Wiring)
- အင်ဂျင်၊ဆိုင်ကယ်ပြုပြင်တပ်ဆင်ခြင်းသင်တန်း (Small Engine Repairing Course)
# သင်တန်းအချိန်ဇယား
- သင်တန်းရက် – တနင်္လာ မှ သောကြာ
- သင်တန်းချိန် – နံနက် (၉)နာရီမှ ညနေ (၄)နာရီ
- သင်တန်းကာလ – ၃လ (၃၆၀နာရီ)
- သင်တန်းစမည့်ရက် – ၁၁.၉.၂၀၂၃
- သင်တန်းပြီးဆုံးမည့်ရက်-၁.၁၂.၂၀၂၃
- လျှောက်လွှာပိတ်မည့်ရက် – ၂၂.၈.၂၀၂၃အထိ
- လက်ခံမည့်ဦးရေ – ၁ဘာသာလျှင် (၂၅) ဦး
- စာတွေ့၂၀%၊ လက်တွေ့ ၈၀% ဖြင့်လုပ်ငန်းခွင်ဝင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်။
-
အာရှတိုက်အဆင့် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ရိုးရှင်းလွယ်ကူစွာ လေ့ကျင့်သင်ကြားခွင့်ရရှိမည်။
# သင်တန်းသားဦးစားပေးရွေးချယ်မှုပုံစံ
- အသက် (၁၇) နှစ်မှ (၃၅) နှစ်အတွင်း အခြေခံပညာအနိမ့်ဆုံး အလယ်တန်းမှစပြီး အမျိုးသမီး/အမျိုးသား မည်သူမဆိုလျှောက်ထားနိုင်သည်။
- အသက်မွေး၀မ်းကျောင်းပညာရပ်ကို စိတ်၀င်စားပြီး သင်တန်းပြီးဆုံးပါက ထိုပညာဖြင့်လုပ်ငန်းခွင်သို့ ၀င်ရောက်အလုပ်လုပ်ကိုင်မည့် သူများကို အထူးဦးစားပေး ရွေးချယ်ပါမည်။
- နည်းပညာတက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိအလုပ်အကိုင်မရှိသော အမျိုးသမီးများ လည်းလျှောက်ထားနိုင်ပါသည်။
- ဆက်စပ်ပစ္စည်းအရောင်းဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်လိုသော အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။
- အတတ်ပညာဖြင့် မိသားစုဘ၀တည်ဆောက်လိုသူများ
- နိုင်ငံရပ်ခြားသို့ အတက်ပညာဖြင့် အလုပ်သွားရောက်လုပ်ကိုင်လိုသူများ
- ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသူများ
- သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင် OJT (On Job Training) စီစဉ်ပေးမည်။
- သင်တန်းပြီးဆုံးအောင်တက်ပြီး စာတွေ့၊ လက်တွေ့ အောင်မြင်ပါက သင်တန်းဆင်း လက်မှတ်ရရှိမည်။ ထို့အပြင်အလုပ်အကိုင်ချိတ်ဆက်ပေးမည်။
- လျှောက်လွှာများအား လူကိုယ်တိုင် နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀နာရီ အတွင်းလာရောက်လျှောက်ထားနိုင်သည်။
နယ်မှလျှောက်ထားလိုသူများအတွက် အောင်ပါ link တွင်ဝင်ရောက်လျှောက်ထားနိုင်သည်။
ဆက်သွယ်ရန် …
Dual Tech (ရန်ကင်း)
အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂လုံးတန်းမှတ်တိုင်(မီးပွိုင့်ထောင့်)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Dual Tech (မြောက်ဒဂုံ)
အမှတ် -၂၄ ငါးမန်အောင်ဘုရားလမ်း၊ သင်းဝင်မှတ်တိုင်၊ (၃၃)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
အသေးစိတ်သိရှိလိုပါက –
ဖုန်းနံပါတ် – 09 420 313 719, 09-730 20 803, ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။