အမျိုးသမီး/အမျိုးသား လူငယ်များအတွက် အခမဲ့ သက်မွေးပညာသင်တန်းများလျှောက်လွှာခေါ်ယူခြင်း

# အခမဲ့လျှောက်ထားနိုင်သည့်သင်တန်း (၄မျိုး)

  • ဆောက်လုပ်ရေး – အုတ်ရိုး၊ အုတ်စီ (Mason)
  • ပိုက်ပြင်၊ ပိုက်ဆက် (Plumber)
  • အိမ်တွင်းလျှပ်စစ်ဝါယာရိန်း (House Wirer)
  • အဲယားကွန်းပြုပြင်တပ်ဆင်ခြင်း (Air Con Installer)

# သင်တန်းအချိန်ဇယား

  • သင်တန်းရက် – တနင်္လာ မှ သောကြာ
  • သင်တန်းချိန် – နံနက် (၉)နာရီမှ ညနေ (၄)နာရီ
  • သင်တန်းကာလ – ၃လ (၃၆၀ နာရီ)
  • စမည့်ရက် – 17.10.2022
  • လက်ခံမည့်ဉီးရေ – ၁ ဘာသာလျှင် (၂၀) ဉီး
  • လျှောက်လွှာပိတ်မည့်ရက် – 2.10.22 အထိ
  • စာတွေ့  ၂၀%၊ လက်တွေ့ ၈၀% ဖြင့်လုပ်ငန်းခွင်ဝင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်။
  • အာရှတိုက်အဆင့် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ရိုးရှင်းလွယ်ကူစွာ လေ့ကျင့်သင်ကြားခွင့်ရရှိမည်။

# သင်တန်းသားဦးစားပေးရွေးချယ်မှုပုံစံ

  • အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်း အခြေခံပညာအနိမ့်ဆုံး အလယ်တန်းမှစပြီး အမျိုးသမီး/အမျိုးသား မည်သူမဆိုလျှောက်ထားနိုင်သည်။
  • အသက်မွေး၀မ်းကျောင်းပညာရပ်ကို စိတ်၀င်စားပြီး သင်တန်းပြီးဆုံးပါက ထိုပညာဖြင့်လုပ်ငန်းခွင်သို့ ၀င်ရောက်အလုပ်လုပ်ကိုင်မည့် သူများကို အထူးဦးစားပေး ရွေးချယ်ပါမည်။
  • နည်းပညာတက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိအလုပ်အကိုင်မရှိသော အမျိုးသမီးများ လည်းလျှောက်ထားနိုင်ပါသည်။
  • ဆက်စပ်ပစ္စည်းအရောင်းဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်လိုသော #အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။
  • အတတ်ပညာဖြင့် မိသားစုဘ၀ တည်ဆောက်လိုသူများ
  • နိုင်ငံရပ်ခြားသို့ အတက်ပညာဖြင့် အလုပ်သွားရောက်လုပ်ကိုင်လိုသူများ
  • ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသူများ
  • သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင် OJT (On Job Training) စီစဉ်ပေးမည်။
  • သင်တန်းပြီးဆုံးအောင်တက်ပြီး စာတွေ့၊ လက်တွေ့ အောင်မြင်ပါက သင်တန်းဆင်း လက်မှတ်ရရှိမည်။
    ထို့အပြင်အလုပ်အကိုင်ချိတ်ဆက်ပေးမည်။
  • လျှောက်လွှာများအား လူကိုယ်တိုင် နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀နာရီ အတွင်း လာရောက်လျှောက်ထားနိုင်သည်။
  • နယ်မှကျောင်းသားများ အောက်ပါ Link မှတဆင့်၀င်ရောက် လျှောက်ထားနိုင်ပါသည်။
    https://forms.gle/SvznHepWCsagDgqM9
Dual Tech (ရန်ကင်း)
အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂လုံးတန်းမှတ်တိုင်(မီးပွိုင့်ထောင့်)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Dual Tech (မြောက်ဒဂုံ)
အမှတ်၂၄ ငါးမန်အောင်ဘုရားလမ်း၊ သင်းဝင်မှတ်တိုင်၊ (၃၃)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
အသေးစိတ်သိရှိလိုပါက –
ဖုန်းနံပါတ် – 09 420 313 719 , 09-730 20 803, ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။