Dual Tech in Rakhine State
DUAL TECH Sittwe branch / သင်တန်းကျောင်းခွဲ (စစ်တွေ)
- DUAL TECH Institute of Vocational Education ကို ၂၀ဝ၃ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။
- ရခိုင်ပြည်နယ်ရှိ (စစ်တွေရုံးခွဲ)ကို၂၀၁၂ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပါသည်။
(၁) ရခိုင်ပြည်နယ်တွင်သက်မွေးဝမ်းကျောင်းပညာရပ်များပို့ချခြင်း
(၁) DUAL TECH မှဦးစီး၍အခမဲ့စက်မှု၊ လက်မှုသင်တန်းများပို့ချခြင်း။
(၂) ရခိုင်ပြည်နယ်နိုင်ငံတော်အစိုးရအဖွဲ့အစည်းဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီစဉ်ဖြင့်အခမဲ့သက်မွေးသင်တန်းများပို့ချပေးခြင်း။
(၃) ရခိုင်သဟာယအသင်းအဖွဲ့အစည်း၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ထောက်ပံ့မှုနှင့်ဖြစ်စေသက် မွေးပညာအခမဲ့သင်တန်းများပို့ချပေးခြင်း။ စသည်ဖြင့်ဇန်နဝါရီလ၂၀၁၆ခုနှစ်ထိရခိုင်ဒေသခံပြည်သူများသို့ဖွင့်လှစ်သင်ကြားပေးခဲ့သည်မှာသင်တန်း အကြိမ်ပေါင်း (၂၄) ကြိမ်၊သင်တန်းသားဦးရေ (၁၁၃၀) ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။
(၂) ရခိုင်ပြည်နယ်အတွင်းလူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း
၂၀၁၅ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေးဘေးအန္တရာယ်ကျရောက်အပြီးတွင် DUAL TECH မှ ရေ ဘေးသင့်ပြည်သူများကို ကနဦးကယ်ဆယ်ဆောင်ရွက်ချက်အဖြစ် ရိက္ခာများထောက်ပံ့ပေးခြင်း၊ ပျက်စီးနေသော နေအိမ် များကိုအသေးစားပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ရခိုင်ပြည်နယ် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ဆောင်ချက်အနေဖြင့်
(၁) ရေဘေးသင့်ကျေးရွာများရှိပျက်စီးနေသောရေတွင်းရေကန်များကိုသန့်စင်စေရန်ကလိုရင်းဆေးခတ်ပေးခြင်း။
(၂) သဘာဝရေသန့်စင်စနစ်ပါဝင်သော ရေသန့်စင်များတည်ဆောက်ပေးခြင်း။
(၃) ရေသန့်နည်းပညာများကို ဒေသခံကျေးရွာများမှ ပြည်သူများကိုဗဟုသုတမျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
(၄) ရခိုင်အသင်း( စင်္ကာပူ )၊ရခိုင်အသင်း( ကိုးရီးယား )တို့မှလှူဒါန်းသောအဝီစိရေတုံကင်များကိုDUAL TECH မှဝန်ထမ်းများ၊ ကျောင်းသားများ၊ ဆရာများမှဦးစီး၍ ရေရှားပါးသော ကျေးရွာများတွင် ရေရရှိရေး အတွက် ယခုအချိန်ထိသွားရောက်တူးဖော်ပေးခဲ့ပါသည်။
(၃) နိုင်ငံတော်အစိုးရ၏စီမံကိန်းများတွင်ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း
- နိုင်ငံတော်အစိုးရ၏ ကျေးလက်ဒေသမီးရရှိရေးစီမံကိန်းတွင် DUAL TECH မှ ကျေးရွာ( ၃၈ )ရွာတွင်အိမ်ခြေပေါင်း ( ၄၃၀၁ )အိမ်ကို Solar စနစ်ဖြင့်လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ခဲ့သည်။
- DUAL TECH Institute of Vocational Education အနေဖြင့်ရခိုင်ပြည်နယ် ကျေးလက်နေဒေသခံပြည်သူ များအားသက်မွေးပညာရပ်များတတ်မြောက်စေပြီး၊ ပြည်သူများ၏လူနေမှုဘဝတိုးတက်မြှင့်မားစေလိုသော ရည်ရွယ်ချက်ဖြင့်ယနေ့အချိန်ထိရခိုင်ပြည်နယ်တွင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းတင်ပြအပ်ပါသည်။
The Training Courses Conducted by Dual Tech in Rakhine State (free of charge)
Sr No. | Name of Training | Candidate Number | Supportive Persons / Organized | Year |
---|---|---|---|---|
1 | Refrigeration & Air-Condition Course Sittwe, Rakhine State | 17 Persons | DUAL TECH Co., Ltd. | 2012 |
2 | Masonry & Carpentry Course Sittwe, Rakhine State | 43 Persons | Rakhine ThaHaYa Association (Yangon) | 2012 |
3 | Masonry & Carpentry Course Khant Kaw Kyun, Sittwe Township | 54 Persons | Deparment of Rural Development (DRD) Rakhine | 2014 |
4 | Masonry & Carpentry Course Par Da Late, Sittwe Township | 66 Persons | Deparment of Rural Development (DRD) Rakhine | 2014 |
5 | Semi-Skilled Masonry Course Youth Training School (Sittwe Township) | 55 Persons | Noble Hotel, Sittwe (Rakhine State) | 2014 |
6 | Auto Mobile Course Sittwe Branch (Sittwe Township) | 36 Persons | DUAL TECH Co., Ltd. | 2014 |
7 | Auto CAD 2D,3D DUAL TECH Sittwe (Rakhine State) | 24 Persons | Roma Land Construction Co.,Ltd., Sittwe (Rakhine State) | 2014 |
8 | LCCI Level I & Book-Keeping Course DUAL TECH Sittwe (Rakhine State) | 50 Persons | G.H.P.S Construciton Co.,Ltd., Sittwe (Rakhine State) | 2014 |
9 | Electrical Wiring Course DUAL TECH Sittwe (Rakhine State) | 60 Persons | DUAL TECH Co., Ltd. | 2015 |
10 | Air-Con & Refrigeration Course DUAL TECH Sittwe (Rakhine State) | 60 Persons | DUAL TECH Co., Ltd. | 2015 |
11 | Semi-Skilled Masonry Course DUAL TECH Sittwe (Rakhine State) | 30 Persons | ZWE Connstruction Co.,Ltd., Sittwe (Rakhine State) | 2015 |
12 | Semi-Skilled Carpentry Course DUAL TECH Sittwe (Rakhine State) | 30 Persons | Aye Myint Mo Construction Co.,Ltd., Sittwe(Rakhine State) | 2015 |
13 | Engine & Motor Cycle Repairing Course DetPaungSu ZayDiYet Monastery, (Kyauk Phyu Township) | 50 Persons | Deparment of Rural Development (DRD) Rakhine | 2015 |
14 | Masonry & Carpentry Course Ba Ho Monastery (Maung Daw Township) Rakhine State | 47 Persons | Ah Lo Taw Pyae SayadawGyi, Rakhine State | 2015 |
15 | Engine & Motor Cycle Repairing LawKa MaraZein Pogoda, (Ponna Gyun Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2015 |
16 | Engine & Motor Cycle Repairing Course General Administration Hall (Myauk U Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2015 |
17 | Masonry & Carpentry Course General Administration Hall (Pauk Taw Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2015 |
18 | Engine & Motor Cycle Repairing Course Tin Htein Kan Village (Myauk U Township) Rakhine State | 53 Persons | Department of Rural Development (DRD) Rakhine | 2015 |
19 | Masonry & Carpentry Course Min Yaw Village (Monastery), (Min Byar Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2015 |
20 | Engine & Motor Cycle Repairing Course Tha Yat Tapin Village(Monastery) (Kyauk Taw Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2015 |
21 | Masonry & Carpentry Sa Pa Sike Village (Monastery), (Kyauk Taw Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2015 |
22 | Masonry & Carpentry Course Ba Ho Monastery (Maung Daw Township) Rakhine State | 40 Persons | Department of Rural Development (DRD) Rakhine | 2015 |
23 | Electrical Wiring Course DUAL TECH Sittwe (Rakhine State) | 65 Persons | Department of Rural Development (DRD) Rakhine | 2016 |
24 | Masonry & Carpentry Course May Yu Hall (Ya Thae Taung Township) Rakhine State | 50 Persons | Department of Rural Development (DRD) Rakhine | 2016 |
Total | 1130 Persons |
” For the better employment of youth and development of the state “
Note; We welcome people who are interested in the development program of youth and technology.
အပါတ်စဉ်(၁) ရေခဲသေတ္တာနှင့် လေအေးပေးစက် ပြုပြင်တပ်ဆင်ခြင်း သင်တန်း (2012 February) စစ်တွေမြို့။
အပါတ်စဉ်(၂) ပန်းရံနှင့်လက်သမားပညာသင်တန်း (2012 September) ရခိုင်သဟာယအသင်း(ရန်ကုန်)၊ စစ်တွေမြို့။
အပါတ်စဉ်(၃) ပန်းရံနှင့်လက်သမားပညာသင်တန်း (2014 March) ကံကော်ကျွန်းကျေးရွာ၊ စစ်တွေမြို့။
အပါတ်စဉ်(၄)ပန်းရံနှင့်လက်သမားပညာသင်တန်း (2014 March) ပါဒလိတ်ကျေးရွာ၊ စစ်တွေမြို့။
အပါတ်စဉ်(၅) အလယ်အလတ်ပန်းရံ သင်တန်း (2014 May) လူငယ်သင်တန်းကျောင်း၊ စစ်တွေမြို့။
အပါတ်စဉ်(၆) ကွန်ပြူတာစနစ်သုံးမော်တော်ယာဉ် ထိန်းသိမ်းပြုပြင်ခြင်းသင်တန်း (2014 December) DUAL TECH ၊ စစ်တွေမြို့။
အပါတ်စဉ်(၇) ကွန်ပြူတာအင်ဂျင်နီယာပုံဆွဲပညာ သင်တန်း (2014 December) DUAL TECH သင်တန်းကျောင်း၊ စစ်တွေမြို့။
အပါတ်စဉ်(၈) စာရင်းကိုင်ပညာ သင်တန်း (2014 December) DUAL TECH သင်တန်းကျောင်း၊ စစ်တွေမြို့။
အပါတ်စဉ်(၉) လျှပ်စစ်ဝါယာရိန်း သင်တန်း (2015 January) DUAL TECH သင်တန်းကျောင်း၊ စစ်တွေမြို့။
အပါတ်စဉ်(၁၀) ရေခဲသေတ္တာနှင့်လေအေးပေးပြုပြင်ခြင်း သင်တန်း (2015 January) DUAL TECH သင်တန်းကျောင်း၊ စစ်တွေမြို့။
အပါတ်စဉ်(၁၁) အလယ်အလတ်ကျွမ်းကျင်မှုပန်းရံပညာသင်တန်း (2015 February) DUAL TECH သင်တန်းကျောင်း၊စစ်တွေမြို့။
အပါတ်စဉ်(၁၂) အလယ်အလတ်ကျွမ်းကျင်မှုပန်းရံပညာ သင်တန်း (2015 March) DUAL TECH သင်တန်းကျောင်း၊စစ်တွေမြို့။
အပါတ်စဉ်(၁၃) အင်ဂျင်စက်ပြင်၊ ဆိုင်ကယ်ပြင် သင်တန်း (2015 June) ဓါတ်ပေါင်းစု၊ စေတီရပ် ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့။
အပါတ်စဉ်(၁၄) ပန်းရံနှင့်လက်သမားသင်တန်း (2015 June) ဗဟိုဘုန်းတော်ကြီးကျောင်းတိုက်၊ မောင်တောမြို့။
အပါတ်စဉ်(၁၅) အင်ဂျင်စက်ပြင်၊ ဆိုင်ကယ်ပြင် သင်တန်း (2015 July) လောကမာရဇိန်ဘုရားဝင်း၊ ပုဏ္ဏားကျွန်းမြို့။
အပါတ်စဉ်(၁၆) အင်ဂျင်စက်ပြင်၊ ဆိုင်ကယ်ပြင် သင်တန်း (2015 August) အထွေထွေအုပ်ချုပ်ရေးရုံးဟောင်း၊ မြောက်ဦးမြို့။
အပါတ်စဉ်(၁၇) ပန်းရံနှင့် လက်သမားသင်တန်း (2015 September) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပေါက်တောမြို့။
အပါတ်စဉ်(၁၈) အင်ဂျင်စက်ပြင်၊ ဆိုင်ကယ်ပြင် သင်တန်း (2015 September) တင်းထိန်ကန်ကျေးရွာ၊ မြောက်ဦးမြို့။
အပါတ်စဉ်(၁၉) ပန်းရံနှင့် လက်သမားပညာသင်တန်း (2015 September) မင်းရွာဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့နယ်။
အပါတ်စဉ်(၂၀) အင်ဂျင်စက်ပြင်၊ ဆိုင်ကယ်ပြင် သင်တန်း (2015 October) သရက်တပင်ကျေးရွာ၊ ကျောက်တော်မြို့နယ်။
အပါတ်စဉ်(၂၁) ပန်းရံနှင့် လက်သမားပညာသင်တန်း (2015 October) စပါးဆိပ်ကျေးရွာ၊ ကျောက်တော်မြို့နယ်။
အပါတ်စဉ်(၂၂) ပန်းရံနှင့် လက်သမားပညာသင်တန်း (2015 December) ဗဟိုလ်ဘုန်းတော်ကြီးကျောင်းတိုက်၊ မောင်တောမြို့။
အပါတ်စဉ်(၂၃) လျှပ်စစ်ဝါယာရိန်း သင်တန်း (2016 January) DUAL TECH သင်တန်းကျောင်း၊ စစ်တွေမြို့။
အပါတ်စဉ်(၂၄) ပန်းရံနှင့် လက်သမားပညာသင်တန်း (2016 January) မေယုခန်းခ၊ ရသေ့တောင်မြို့။
Phone
(+959) 420 313 719, (+959) 730 20803, (+959) 883 340 002.