ကက က္က
(+951) 855 0596, (+959) 420 313 719, (+959) 730 20803
Email : yankin@dualtechmyanmar.com, dualtechtrainingcentre@gmail.com

City & Guilds (UK) Engineering

 

 

city-n-guilds-01city-n-guilds-02city-n-guilds-03city-n-guilds-04

  1. Level 2 - Diploma in Air-Conditioning & Refrigeration (6161-16)
  2. Level 3 – Diploma in Civil Construction (6165-21)
  3. Level 3 – Diploma in Mechanical & Manufacturing (2850-89)
  4. Level 3 – Diploma in Electrical & Electronic (2850-90)

 

City & Guilds အကြောင်း

City & Guilds သည် အင်္ဂလန်နိုင်ငံမှ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိနိုင်ငံပေါင်း(၁၀ဝ) ကျော်တွင် Centre ပေါင်း (၈၅၀ဝ) ကျော်ရှိသည်။ China, Hong kong, Hungary, india, Kenya, South African and Malaysia စသည့်နိင်ငံများတွင် ရုံးခွဲများဖွင့်လှစ်ထားသည့်အပြင် England, Wales,Northern lreland, MQF (Malaysia), HEC (Pakistan) စသည့် ပညာရေးအဖွဲ့အစည်းများမှ ထောက်ခံမှုများ ရရှိထားပြီးဖြစ်ပါသည်။ IVQs (International Vocational Qualifications) ဖြစ်သောကြောင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်အမျိုးအစားဖြစ်သည်။

City & Guilds(UK) သည် စာမေးပွဲကို မြန်မာနိုင်ငံရှိ British Council မှကြီးမှုး၍ တစ်နှစ်ကို နှစ်ကြိမ် June နှင့် Decenber လများတွင် စာမေးပွဲစစ်ဆေးသည်။ ဖြေဆိုအောင်မြင်ပါက (UK) အင်္ဂလန်မှ ချီးမြှင့်သော အင်ဂျင်နီယာ ဒီပလိုမာ လက်မှတ်ရရှိမည်ဖြစ်သည်။ ထိုအပြင် ဘာသာရပ်တိုင်းအတွက် နှစ်စဉ် ကမ္ဘာ့အမှတ်အများဆုံးရှိသူကိုလည်း City & Guilds (UK) မှ ရွှေတံဆိပ်ဆု ချီးမြှင့်ပေးသည်။


ထို့ပြင် နိုင်ငံတကာတက္ကသိုလ်ရှိ Engineer Institute ကျောင်းများဖြစ်သော
 

  • Sheffield Hallam University and Northumbria University
  • Derby University and University of Portsmouth
  • Alglia Polytechnic University (UK)
  • The University of Boton (UK)
  • Kingston University (UK)
  • University of liverpool (UK)
  • The University of Manchester (UK)
  • Baking Industry Training Centre (Sg)
  • International Cuisine Association of Singapore (ICAS)
  • Swinburne University of Technology at Malaysia


(UK) မှပေးအပ်သော City & Guilds Diploma သည်ပြည်တွင်းတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် နိုင်ငံတကာ အသိအမှတ်ပြု Engineer Diploma ကို (၆လ/၁နှစ်) အတွင်း ရယူနိုင်သော သင်တန်းဖြစ်သည်။ Diploma ရရှိပြီးသူများသည် Techanician, Senior Techanician, Foreman, Engieer, Operational Executive, System Executive စသည့်ရာထူးများဖြင့် ကုမ္ပဏီကြီးများတွင် အလုပ်ရရှိမည်ဖြစ်သည်။

 

City & Guilds (UK) တွင် တက်ရောက်နိုင်သူများ

DUAL TECH ကျောင်းမှ အောင်ချက်ရာခိုင်နှုန်း 90%,95%,98%,100% ထိရှိပြီး အနှိမ့်ဆုံး အခြေခံပညာ အထက်တန်း ဖြေဆိုအောင်မြင်ပြီးသူများမှစ၍ မည်သည့်ဘွဲ့ရမဆိုတက်ရောက်နိုင်သည်။ AGTI, GTI ကျောင်းသားများလည်း လက်တွေ့လုပ်ငန်းခွင် ဒီပလိုမာ သင်တန်းများနှင့် တွဲဖက်တက်ရောက်နိုင်သည်။

 

အကျိုးကျေးဇူး နှင့် အခွင့်အလမ်းများ

ပြည်ပနိုင်ငံများတွင် ပညာဆက်လက်သင်ကြားလိုသူများ သံရုံး Visa ရလွယ်ကူပြီး နိုင်ငံတကာရှိ တက္ကသိုလ်များတွင် ကျောင်းဆက်တက်၍ Bachelor of Engineering Degree ကိုရရှိစေနိုင်ခြင်း၊ (UK) မှ သင်ရိုးညွှန်းတန်းများအပြင် လုပ်ငန်းခွင် အသက်မွေးဝမ်းကျောင်းကိုပါ အထောက်အကူဖြစ်စေသော သင်တန်းများကိုပါ ပေါင်းစပ်၍ သင်ကြားပေးသည်။ နိုင်ငံတကာတွင် ကျောင်းဆက်လက်တက်ရောက်လိုသူများအနေဖြင့် Euro Pass များလျှောက်ထားရရှိစေနိုင်ပါသည်။