ကက က္က
Background
(+951) 855 0596, (+959) 420 313 719, (+959) 730 20803
Email : yankin@dualtechmyanmar.com, dualtechtrainingcentre@gmail.com

Background

 

insein-schoolbackground-02background-01

 

Dual Tech သင်တန်းကျောင်းကို 2003 ခုနှစ်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ အမျိုးသားစီမံကိန်း နှင့်ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏  ခွင့်ပြုချက်အမှတ် ( ၁၁၁၁ ) ဖြင့် တရားဝင်မှတ်ပုံတင်ပြီး တည်ထောင်ဖွင့် လှစ်ခဲ့ပါသည်။

သက်မွေး စက်မှုလက်မှုသင်တန်းများ၊ အင်ဂျင်နီယာသင်တန်းများ၊ UK Engineering ဒီပလိုမာ သင်တန်းများ၊ LCCI စာရင်းကိုင် ဒီပလိုမာ သင်တန်းများ၊ Computer သင်တန်းများ၊ AutoCAD သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ ပို့ ချပေးလျှက်ရှိရာ ၁၃ နှစ်တာ ကာလအတွင်း ကျောင်းသားဦးရေ ၅၀ ဝ၀ဝ ကျော်ထိမွေးထုတ်ပေးခဲ့ ပြီးဖြစ်သည်။

ယခုအချိန်တွင် (၁)၁၂လုံးတန်း၊ ရန်ကင်းမြို့နယ်၊ (၂) လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ (၃) မြောက်ဒဂုံ မြို့နယ် နှင့် (၄) ရခိုင်ပြည်နယ် စစ်တွေမြို့နယ် စသည်တို့တွင် အသီးသီး သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိသည်။

 

Objective

၁။ လူငယ်များ သက်မွေးစက်မှုလက်မှု ပညာရပ်များ၊ အင်ဂျင်နီယာ ပညာရပ်များ ကို နည်းစနစ်ကျကျ စာတွေ့၊ လက်တွေ့ သင်ယူတတ်မြောက်စေရန်။

၂။ ပြည်တွင်း၊ ပြည်ပ ရှိ စက်ရုံ အလုပ်ရုံများ နှင့် ကုမ္ပ ဏီကြီးများတွင် အလုပ်အကိုင်ကောင်းများရရှိစေရန် နှင့် ကိုယ်ပိုင် လုပ်ငန်းများတည်ထောင်နိုင်စေရန်။

၃။ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီ ဝန်ထမ်းများကို On Job Training များသွားရောက်ပေးရန်။

၄။ ပြည်ပတက္ကသိုလ်များတွင် ကျောင်းဆက်လက်တက်ရောက်နိုင်ရန်။

 

Service

၁။ သက်မွေး စက်မှု၊လက်မှု သင်တန်းများ စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်း။ Excursion များထွက်ခြင်း

၂။ နိုင်ငံ တကာ အင်ဂျင်နီယာဒီပလိုမာဘွဲ့ကို ပြည်တွင်း၌ ပင်ကုန်ကျစရိတ် သက်သာစွာဖြင့်သင်ကြားပေးခြင်း။

၃။ စက်ရုံ အလုပ်ရုံ ကုမ္ပဏီ ကြီးများ ရှိဝန်ထမ်းများကို In Company Training များပေးခြင်း။

၄။ သင်တန်းပြီးဆုံးသောကျောင်းသားများ အလုပ်အကိုင်များရရှိရန် အခမဲ့ ဆက်သွယ်ပေးခြင်း။

၅။ သင်တန်းပြီးဆုံးသော်လည်း လက်တွေ့ကျွမ်းကျင်မှု Skill ပိုမိုရရှိရန် လာရောက်လေ့ကျင့်ခွင့်ပေးခြင်း။

၆။ ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများကို လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ Job Assignment Test များစစ်ဆေးပေးခြင်း

။ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့ အစည်းများ နှင့်ပူးပေါင်း၍ ဝေးလံသောဒေသများသို့ သွားရောက်သင်တန်းများပေးခြင်း။

။ နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် တစိတ်တဒေသ ပါ ဝင်ကူညီပေးခြင်း။

၉။ နိုင်ငံတော်အတွင်း အရေးပေါ် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ သွားရောက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း။

 

Our Special Service Centres

 

background-03