လူငယ်များဘဝလမ်းကြောင်းဖြောင့်ဖြူးစေဖို့ တိုးတက်ပြောင်းလဲလာတဲ့ခေတ်ထဲမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုတာ မဖြစ်မနေတတ်ထားမှကို ဖြစ်မှာပါ။

#သမုဒ္ဒရာဝမ်းတစ်ထွာ မို့ဒီခေတ်မှာ အသက်မွေးဝမ်းကျောင်းပညာတစ်ခုမှ မတတ်ထားရင် ရပ်တည်ဖို့ အင်မတန်ခက်ခဲပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသက လူငယ်များအဖို့ ဒီလိုပညာရပ်များသင်ကြားတဲ့ ကိစ္စဟာ အခုချိန်ထိ တော်တော်အလှမ်းဝေးနေဆဲပါ။

ဒါကြောင့် Dual Tech က ကျေးလက်ဒေသလူငယ်များအတွက် #အခမဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများကို ဖွင့်လှစ်ပေးခဲ့တာ သင်တန်းအပတ်စဉ် ၅၆ အထိ ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်လူငယ်များနှင့်သက်မွေးဝမ်းကျောင်းပညာရေး အပတ်စဉ် ၅၇ နှင့် ၅၈ ကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်ခင်ဗျာ

နောက်ထပ် သင်တန်းအပတ်စဉ် ၅၉ နဲ့ ၆၀ ကိုလည်း မကြာခင်ရက်အတွင်း ဖွင့်လှစ်သင်ကြားပေးတော့မှာ လာရောက် လျှောက်ထားနိုင်ပါပြီခင်ဗျာ

သင်တန်းစရက်ကတော့ ၄.၁၂.၂၀၂၃ (Monday) ဖြစ်ပြီး သင်တန်းကြေးအခမဲ့မို့ ရခိုင်ရှိလူငယ်တိုင်း တက်ရောက်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ Page Messenger မှတစ်ဆင့် စုံစမ်းလို့ရပါတယ်။

ကျွန်တော်တို့ Dual Tech က ရခိုင်လူငယ်တိုင်း အသက်မွေးဝမ်းကျောင်းပညာ တတ်ကျွမ်းရေး အကောင်းဆုံးဖော်ဆောင်ပေးလျက်ရှိပါတယ်.

#Dual Tech(စစ်တွေ) သင်တန်းကျောင်းတွင် #အခမဲ့ တက်ရောက်နိုင်မည့်သင်တန်းများအများ လျှောက်လွှာများစတင်လက်ခံနေပါပြီ”

သင်ကြားပေးမည့်ဘာသာရပ်များ

၁။ #Advance Carpentry (အဆင့်မြင့်လက်သမားနည်းပညာသင်တန်း)

၂။ #Advance Home Wiring and Plumbing (အဆင့်မြင့်လျှပ်စစ်ဝါယာရိန်းနည်းပညာသင်တန်း)

#သင်တန်းအချိန်ဇယား

  • သင်တန်းရက် – တနင်္လာ မှ စနေ (တပတ်လျင် ၆ ရက်)
  • သင်တန်းချိန် – နံနက် (၉)နာရီမှ ညနေ (၄)နာရီ
  • သင်တန်းကာလ – ၃၀ ရက် (၁၈၀နာရီ)
  • သင်တန်းအပတ်စဥ် (၅၉/၆၀)
  • သင်တန်းစမည့်ရက် – ၄.၁၂.၂၀၂၃
  • #လက်ခံမည့်ဦးရေ – (၁၅) ဦး (ဘာသာရပ်တခုလျင်)

👉👉 (လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်လျှောက်ထားကြပါရန်)👈

သင်တန်းနေရာ – Dual Tech စစ်တွေ သင်တန်းကျောင်း၊ အမှတ် (၁၇၆)၊ မင်းဘာကြီးလမ်းနှင့် ငပိန်လမ်းထောင့်၊ ဘောက်သီးစုရပ်ကွက်၊ စစ်တွေမြို့။

သင်တန်းကြေး – #အခမဲ့

လျှောက်ထားနိုင်သူများ

၁။ အခြေခံ လက်သမားနည်းပညာသင်တန်း နှင့် အခြေခံလျှပ်စစ်ဝါယာရင်းနည်းပညာသင်တန်းပြီးမြောက်ထားသူများ

၂။ လက်သမားလုပ်ငန်း၊ လျှပ်စစ်ဝါယာရင်း လုပ်ငန်းဖြင့် လက်ရှိ လုပ်ကိုင်နေပြီး အဆင့်မြင့်နည်းပညာများ ထပ်မံသင်ယူလိုသူများ

၃။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ M&E (ပြုပြင်ထိန်းသိန်းရေး) လုပ်ငန်းတွင် လက်သမား၊ လျှပ်စစ်ဝါယာရိန်းလုပ်ကိုင်နေသူများ

၄။ အသက် (၁၉) နှစ်မှ (၄၀) နှစ်အတွင်းရှိရမည်။

၅။ သက်ဆိုင်ရာ ပညာရပ်အလိုက် လက်ရှိလုပ်ကိုင်နေသူများနှင့် သင်တန်းပြီးလျင်လည်း ဆက်လက်လုပ်ကိုင်မည့်သူများ

မှတ်ချက်- မိမိ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှု ပေါ်မူတည်၍ အသက်အရွယ် အားလျှော့ပေါ့စဥ်းစားပေးမည်ဖြစ်ပါသည်။

💥စာတွေ့၃၀%၊ လက်တွေ့ ၇၀% ဖြင့်လုပ်ငန်းခွင်ဝင်နိုင်သည်အထိ ကိုယ်တိုင်လုပ်ကိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်။

💥NSSA အသိအမှတ်ပြု ဆရာမျာမှ NSSA စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးသွားမည်။

💯သင်တန်းပြီးဆုံးအောင်တက်ပြီး စာတွေ့၊ လက်တွေ့ အောင်မြင်ပါက သင်တန်းဆင်း လက်မှတ်ရရှိမည်။ NSSA စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မည်။ ထို့အပြင်အလုပ်အကိုင်ချိတ်ဆက်ပေးမည်။

လျှောက်လွှာများအား Dual Tech (စစ်တွေ) သင်တန်းကျောင်းသို့ လူကိုယ်တိုင် နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀နာရီ အတွင်း လာရောက် လျှောက်ထားနိုင်သည်။

နယ်မှလျှောက်ထားလိုသူများအတွက် အောက်ပါ link တွင်ဝင်ရောက်လျှောက်ထားနိုင်သည်
👇👇👇👇👇👇👇👇👇👇👇👇👇👇
https://forms.gle/ro657jJxrJqsVPma6

#DualTech(စစ်တွေ)
အမှတ် (၁၇၆)၊ မင်းဘာကြီးလမ်းနှင့် ငပိန်လမ်းထောင့်၊ ဘောက်သီးစုရပ်ကွက်၊ စစ်တွေမြို့။
အသေးစိတ်သိရှိလိုပါက –
☎️☎️☎️
ဖုန်းနံပါတ် – 043-21868, 09453373920 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
website -www.dualtechmyanmar.com

#DualTech
#အသက်မွေးဝမ်းကျောင်းပညာရေး
#အခမဲ့
#OpenMoreOnline